What is PR?
PR ဆိုသည်မှာ အဘယ်နည်း။
PR ဆိုသည်မှာ
- လမ်းကြောင်းတစ်ခု
- ပံ့ပိုးပေးသူ
- သုတေသနလုပ်ဆောင်ခြင်း
- ပြဿနာကို ဖော်ထုတ်ခြင်း
- မဟာဗျူဟာဆက်သွယ်ပြောဆိုခြင်း
- လူ့အဖွဲ့အစည်းရှိ အုပ်စုများကြား ဆက်သွယ်ရေးကို မြှင့်တင်ပေးခြင်းဖြင့် အဓိပ္ပာယ်ပြည့်ဝစေသောအရာ
- ဆက်သွယ်ရေးမန်နေဂျာ
PR ဆိုသည်မှာ လူသိများစေသည့်အရာဖြစ်ပြီး ယင်း၏နယ်ပယ်သည် ကျယ်ပြန့်သည်။ PR သဘာဝအရ သတင်းစကားကို ထိန်းချုပ်ရန် ခက်သဖြင့် မကြာခဏ နားလည်မှုလွဲပြီး ကျွမ်းကျင်ရန်ခက်သည်။ PR လုပ်ဆောင်ချက်သည် နေရာစုံပါဝင်ပြီး တိုးပွားလျက်ရှိသည်။ PR ကို အစိုးရ၊ အကျိုးအမြတ်မယူသောအဖွဲ့အစည်းမှသည် လုပ်ငန်းနယ်ပယ် တိုင်းတွင် တွေ့နိုင်သည်။
PR ဆိုသည်မှာ “အဖွဲ့အစည်းနှင့် လူထုကြား ဆက်သွယ်ရေးကို စီမံခန့်ခွဲပေးသည့်အရာဖြစ်သည်”။
PR သည် စာနယ်ဇင်းနှင့် ထင်ပေါ်ကျော်ကြားမှု သမိုင်းကြောင်း အခြေခံမှ သိသာစွာကွဲထွက်လာပြီး သုတေသနနှင့် မဟာဗျူဟာပေါ် အခြေခံထားသော စီမံခန့်ခွဲရေးစည်းမျဉ်းတစ်ခု ဖြစ်လာသည်။
- စီမံခန့်ခွဲမှု – အဖွဲ့အစည်းတစ်ခု၏ လုပ်ငန်းဆောင်တာများကို ထိရောက်အောင်မြင်စေရန် အကောင်းဆုံးညှိနှိုင်းဆောင်ရွက်ပေးသည့် သုတအခြေပြုမဏ္ဍိုင်
- ဆက်သွယ်ရေး – လက်ခံသူကို သတင်းစကားပါးရုံသာမက နားထောင်ခြင်းနှင့် ဆွေးနွေး ပြောဆိုခြင်းမှတစ်ဆင့် အခြားသူများ၏ သတင်းစကားကိုပါ နားလည်ခြင်း
- အဖွဲ့အစည်း – ဘုံရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသောအဖွဲ့၊ အများအားဖြင့် စီးပွားရေးလုပ်ငန်း၊ ကော်ပိုရေးရှင်း၊ အစိုးရအေဂျင်စီ သို့မဟုတ် အကျိုးအမြတ်အတွက်မဟုတ်သောအဖွဲ့
- လူထု – သက်ဆိုင်သူများ၏ စိတ်ဝင်စားမှုအလိုက် အထူးရည်ရွယ်ထားသော သတင်းစကားများကို လက်ခံရရှိသည့် ပစ်မှတ်ထားအုပ်စု
ကော်ပိုရိတ်နှင့် အေဂျင်စီ PR
- ကော်ပိုရိတ် PR – ကော်ပိုရိတ် PR ဆိုသည်မှာ အကျိုးအမြတ်ရယူသော အဖွဲ့အစည်းအတွက် ရုံးတွင်း PR ဌာနအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။
- PR အေဂျင်စီ – PR အေဂျင်စီများသည် ယင်းတို့ကို ငှားရမ်းထားသော အဖွဲ့အစည်း၏ သတ်မှတ်ထားသော ရည်မှန်းချက်များနှင့် စည်းရုံးလှုံ့ဆော်မှုများအတွက် ပုံမှန်အားဖြင့် နာရီအချိန်ပိုင်းအလိုက် အလုပ်လုပ်ပေးသည့် ငှားရမ်းထားသော အတိုင်ပင်ခံများဖြစ်ကြသည်။
- အဖွဲ့အစည်းကြီးများတွင် ကော်ပိုရိတ် PR ဌာနနှင့် သက်ဆိုင်ရာအကြောင်းအရာအလိုက် အကြံပေးသည့် ပြင်ပမှ PR အေဂျင်စီပါ ရှိတတ်သည်။
- အကျိုးအမြတ်အတွက် မဟုတ်သော အဖွဲ့အစည်းများအတွက် PR ဆိုသည်မှာ ယင်းအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများနှင့် အကြောင်းအရာအလိုက် သက်ဆိုင်ရာအဖွဲ့အစည်းများအတွက် ရည်ရွယ် သည်။
- ပြည်သူ့ရေးရာ သို့မဟုတ် အစိုးရနှင့်ဆက်ဆံရေး ဆိုသည်မှာ အစိုးရအရာရှိများ၊ မူဝါဒေရေးရာအေဂျင်စီများနှင့် ဆက်ဆံရေးကို စီမံခန့်ခွဲရေးအတွက် အထူးဦးစားပေးသည့် PR လုပ်ငန်းခွဲတစ်ခုဖြစ်သည်။
PR လုပ်ဆောင်ချက်
- ဆုံးဖြတ်ချက်များ – PR သည် အဖွဲ့အစည်းများနှင့် အုပ်စုများကြား အပြန်အလှန်နားလည်ရေးကို ပံ့ပိုးပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ ရှုပ်ထွေးလှပြီး မတူကွဲပြားသည့် လူ့အဖွဲ့အစည်းကို ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ကူညီပေးသည်။ ယင်းသည် ပုဂ္ဂလိကနှင့် အများပြည်သူဆိုင်ရာ မူဝါဒများကို သဟဇာတဖြစ်စေသည်။
- PR နှင့် အဖွဲ့အစည်းများ – ရည်မှန်းချက်များ အောင်မြင်ရန် အဖွဲ့အစည်းများသည် အများပြည်သူ သို့မဟုတ် သက်ဆိုင်သူများနှင့် ထိရောက်သည့်ဆက်ဆံရေးကို ကောင်းမွန်စေရမည်။
- PR နှင့် စီမံခန့်ခွဲမှု – အဖွဲ့အစည်းရည်မှန်းချက်များအောင်မြင်ရန် အဖွဲ့အစည်းစီမံခန့်ခွဲသူများသည် သက်ဆိုင်သူများ၏ သဘောထားနှင့် တန်ဖိုးများကို နားလည်ရမည်။ ရည်မှန်းချက်များကို ပြင်ပပတ်ဝန်းကျင်က ပုံသွင်းသည်။ PR လုပ်ငန်းဖြင့်အသက်မွေးသူများသည် စီမံခန့်ခွဲမှုပိုင်းတွင် အကြံပေးနှင့် ညှိနှိုင်းပေးသူအဖြစ် လုပ်ဆောင်ပြီး ပုဂ္ဂလိကရည်မှန်းချက်များကို ကြောင်းကျိုးခိုင်လုံ၍ အများလက်ခံနိုင်သည့် မူဝါဒများနှင့် လုပ်ရပ်များ အဖြစ် ကူညီပြောင်းလဲပေးရမည်။
- PR နယ်ပယ်သည် အဖွဲ့အစည်းနှင့် အရေးပါသည့်သက်ဆိုင်သူများကြား အရေးကြီးသည့် ဆက်ဆံရေးကို ဆက်သွယ်မှုများနှင့် လုပ်ဆောင်ချက်များဖြင့် ထူထောင်ပေးရန် ကျယ်ပြန့်လာသည်။
- ဤအမြင်သည် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုပြီး PR ကျွမ်းကျင်သူများ၏ အခန်းကဏ္ဍများနှင့်တာဝန်များကို သိမြင်စေသည်။
PRSA ၏ PR အဓိပ္ပာယ်ဖွင့်ဆိုချက်
အမေရိကန် PR အဖွဲ့အစည်း (PRSA) က PR အဓိပ္ပာယ်ကို အောက်ပါအတိုင်း ဖွင့်ဆိုထားသည်။
PR ဆိုသည်မှာ “အဖွဲ့အစည်းနှင့် သက်ဆိုင်သူများကြား ဆက်သွယ်ရေးကို စီမံခန့်ခွဲပေးသည့်အရာဖြစ်သည်”။
PRSA ၏ PR ကို အဓိပ္ပာယ်ဖွင့်ဆိုချက်သည့် မပြည့်စုံပါ။
သဟဇာတဖြစ်မှု
- အဆိုပါအဓိပ္ပာယ်ဖွင့်ဆိုချက်အရ PR သည် “ပုဂ္ဂလိကနှင့် အများပြည်သူဆိုင်ရာမူဝါဒများကို သဟဇာတဖြစ်စေရမည်” ဟုဆိုသည်။
- လက်တွေ့တွင် အဖွဲ့အစည်းနှင့် သက်ဆိုင်သူများ၏ဆက်ဆံရေးသည် အမြဲသဟဇာတမဖြစ်နိုင်ကြောင်း ကျွန်ုပ်တို့ သိပြီးဖြစ်သည်။
အကျိုးစီးပွားမတူခြင်း
- ဤအဓိပ္ပာယ်ဖွင့်ဆိုချက်အရ အဖွဲ့အစည်းရော သက်ဆိုင်သူများ၏ အကောင်းဆုံးအကျိုးစီးပွားကိုပါ ဖော်ဆောင်ရန် ကျွန်ုပ်တို့တွင် တာဝန်ရှိသည်။ အဆိုပါအကျိုးစီးပွားများသည် လုံးဝဆန့်ကျင်နေလျှင် အကြောင်းအကျိုးဆီလျော်စွာ လုပ်ဆောင်ရန် မဖြစ်နိုင်ပါ။
- ဆက်ဆံရေးတွင် ယင်းသို့မကောင်းသောသဘာဝရှိသော်လည်း ဆက်သွယ်ရေးနှင့် PR စီမံခန့်ခွဲမှုကိုမူ လိုအပ်လျက်ရှိသည်။
ယနေ့ခေတ် PR လုပ်ဆောင်ချက်များသည် အခေါ်အဝေါ်အများစုနှင့် ချိတ်ဆက်လာသည်။ PR သည် နာမည်ဆိုးဖြင့် အစမကောင်းခဲ့သဖြင့် အဖွဲ့အစည်းများသည် ယင်းတို့၏ PR လုပ်ဆောင်ချက်များကို အခြားအခေါ်အဝေါ်များဖြင့် ခေါ်ဆိုလာကြသည်။
ယနေ့ခေတ်လက်တွေ့လုပ်ငန်းခွင်တွင် ကော်ပိုရိတ်ဆက်သွယ်ရေးသည် PR အစား အသုံးများသော စကားလုံးဖြစ်သည်။ လူထုရေးရာနှင့် စျေးကွက်ဖော်ဆောင်မှု ဆက်သွယ်ရေးစသဖြင့်လည်း ခေါ်ကြသည်။
- ကော်ပိုရိတ်ဆက်သွယ်ရေး – ကော်ပိုရိတ်ဆက်သွယ်ရေးဆိုသည်မှာ PR အစားထိုးအသုံးအနှုန်း ဖြစ်သော်လည်း အချို့ပညာရှင်များကမူ ကော်ပိုရိတ်ဆက်သွယ်ရေးသည် အကျိုးအမြတ်ဆိုင်ရာ အဖွဲ့အစည်းများနှင့်သာဆိုင်သည်ဟု ဆိုကြသည်။
- သို့ရာတွင် ကော်ပိုရိတ်ဆက်သွယ်ရေးသည် စီးပွားရေးလုပ်ငန်းတွင်သာမက အခြား အကျိုးအမြတ်မယူသော အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပညာရေးဖောင်ဒေးရှင်းများ၊ တတ်ကြွလှုပ်ရှားအဖွဲ့များနှင့် ဘာသာရေးအဖွဲ့အစည်းများတွင်လည်း အသုံးချနိုင်သည့် ရည်မှန်းချက်ဦးတည်သော ဆက်သွယ်ရေးလုပ်ငန်းစဉ်ဖြစ်သည်။
- လူထုဆက်ဆံရေး – PR ကို မီဒီယာဆက်ဆံရေး၊ ပြည်သူ့ရေးရာ၊ ကော်ပိုရိတ် ဆက်သွယ်ရေးနှင့် စျေးကွက်ဖော်ဆောင်မှုမြှင့်တင်ရေးစသည်များနှင့် ရောထွေးလေ့ရှိကြသဖြင့် အဖွဲ့အစည်းအများစုက ကော်ပိုရိတ်ဆက်သွယ်ရေးဟူသော အခေါ်အဝေါ်ကို ပိုမိုနှစ်သက်ကြသည်။
ကော်ပိုရိတ်ဆက်သွယ်ရေး သို့မဟုတ် ထိရောက်သည့် PR ၏ အရေးကြီးသောအပိုင်းသည် မဟာဗျူဟာပင်ဖြစ်သည်။
သာမန်လူအများစုစိတ်ထဲလွှမ်းမိုးစွဲမြဲနေသည့် မကြာခဏနားလည်မှုလွဲနေကြသည့် PR ယေဘုယျအခေါ်အဝေါ်နှင့် မတူကွဲပြားရန် ပညာရှင်များက မဟာဗျူဟာ PR စကားရပ်ကို သုံးနှုန်းလာကြသည်။
ဤနယ်ပယ်ရှိ ပညာရှင်များအနေဖြင့် PR ကို ပိုမိုကြီးမားကျယ်ပြန့်သည့်အသက်မွေးဝမ်းကျောင်းတစ်ခုအဖြစ် ရှုမြင်ပြီး အောက်ပါလုပ်ငန်းခွဲများစွာပါဝင်သည်။
- မီဒီယာဆက်ဆံရေး
- ပြည်သူ့ရေးရာ
- ရင်းနှီးမြှပ်နှံသူဆက်ဆံရေး
ပညာရှင်များက PR ဆိုသော ဝေါဟာရကို သုံးနှုန်းကြပြီး လုပ်ငန်းကျွမ်းကျင်သူများက ကော်ပိုရိတ်ဆက်ဆံရေး ဆိုသော ဝေါဟာရကို ပိုမိုနှစ်သက်ကြသည်။
PR လုပ်ဆောင်ချက်များသည် အခေါ်အဝေါ်များစွာရှိသော်လည်း အောက်တွင်ယေဘုယျဖော်ပြထားသည့် အရေးပါသည့်သက်ဆိုင်သူများနှင့် ဆက်ဆံရေးကို ထိန်းသိမ်းရေးနှင့်ဆက်ဆံရေးတိုးမြှင့်ရေး အလေးပေးခြင်းမှတစ်ဆင့် အဖွဲ့အစည်း၏ အောင်မြင်မှုကို ပံ့ပိုးပေးနိုင်မည့် တစ်မူထူးခြားသည့် စီမံခန့်ခွဲမှုလုပ်ငန်းကို နားလည်ရန် အရေးကြီးသည်။
- အလုပ်သမားများ
- ရပ်ရွာလူထုများ
- ငွေရှင်ကြေးရှင်များ သို့မဟုတ် ရှယ်ယာရှင်များ
- အဆင့်များစွာတွင်ရှိနေသော အစိုးရအဖွဲ့များ
- မီဒီယာ
PR ၏ အခြေခံရည်ရွယ်ချက်ကို လုပ်ငန်းခွဲများဖြစ်သည့် ထင်ပေါ်ကျော်ကြားမှု၊ မီဒီယာဆက်ဆံရေးတို့နှင့် မရောထွေးသွားရန် အရေးကြီးသည်။
PR အခြေခံ – သင်ခန်းစာအနှစ်ချုပ်
- PR ဆိုသည်မှာ အဖွဲ့အစည်းတစ်ခု၏ သေရေးရှင်ရေး သို့မဟုတ် အောင်မြင်မှုနှင့် ဆုံးရှုံးမှုကို ဆုံးဖြတ်ပေးနိုင်သည့်အရာ ဖြစ်သည်။
- ဤဖြစ်ရပ်လေ့လာမှုက မိမိရန်သူဟု ယူဆသူများနှင့်ပင် ဆက်ဆံရေးကို ထိန်းသိမ်းပြီး တိုးတက်မှု၏ အရေးကြီးပုံကို ပြသည်။ ဤဖြစ်ရပ်တွင် ကုမ္ပဏီဘက်မှ အတွက်မှားခဲ့သည်။
- PR ၏နယ်ပယ်သည် ကျယ်ပြန့်သည်။ PR သဘာဝအရ သတင်းစကားကို ထိန်းချုပ်ရန် ခက်သဖြင့် မကြာခဏ နားလည်မှုလွဲနိုင်သည်။
- PR ဆိုသည်မှာ “အဖွဲ့အစည်းနှင့် သက်ဆိုင်သူများကြား ဆက်သွယ်ရေးကို စီမံခန့်ခွဲပေးသည့်အရာဖြစ်သည်”။
- ကော်ပိုရိတ် PR ဆိုသည်မှာ အကျိုးအမြတ်ရယူသော အဖွဲ့အစည်းအတွက် ရုံးတွင်း PR ဌာနအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။
- PR အေဂျင်စီများသည် ယင်းတို့ကို ငှားရမ်းထားသော အဖွဲ့အစည်း၏ သတ်မှတ်ထားသော ရည်မှန်းချက်များနှင့် စည်းရုံးလှုံ့ဆော်မှုများအတွက် ပုံမှန်အားဖြင့် နာရီအချိန်ပိုင်းအလိုက် အလုပ်လုပ်ပေးသည့် ငှားရမ်းထားသော အတိုင်ပင်ခံများဖြစ်ကြသည်။
- PR သည် အဖွဲ့အစည်းနှင့် သက်ဆိုင်သူများကို အချင်ချင်းအပြန်အလှန်သဟဇာတဖြစ်စေရန် ကူညီပေးသည်။
- ယနေ့ခေတ် PR လုပ်ဆောင်ချက်များသည် အခေါ်အဝေါ်အများစုနှင့် ချိတ်ဆက်လာသည်။ PR သည် နာမည်ဆိုးဖြင့် အစမကောင်းခဲ့သဖြင့် အဖွဲ့အစည်းများသည် ယင်းတို့၏ PR လုပ်ဆောင်ချက်များကို အခြားအခေါ်အဝေါ်များဖြင့် ခေါ်ဆိုလာကြသည်။
- ယနေ့ခေတ်လက်တွေ့လုပ်ငန်းခွင်တွင် ကော်ပိုရိတ်ဆက်သွယ်ရေးဆိုသည်မှာ PR အစား အသုံးများသော စကားလုံးဖြစ်သည်။ လူထုရေးရာနှင့် စျေးကွက်ဖော်ဆောင်မှု ဆက်သွယ်ရေးစသဖြင့်လည်း ခေါ်ကြသည်။
- အရေးပါသည့်သက်ဆိုင်သူများနှင့် ဆက်ဆံရေးကို ထိန်းသိမ်းရေးနှင့်ဆက်ဆံရေးတိုးမြှင့်ရေး အလေးပေးခြင်းမှတစ်ဆင့် အဖွဲ့အစည်း၏ အောင်မြင်မှုကို ပံ့ပိုးပေးနိုင်မည့် တစ်မူထူးခြားသည့် စီမံခန့်ခွဲမှုလုပ်ငန်းဖြစ်သည်။